ကျောက်ကပ်သန့်၇ှင

 

အစာအိမ်အတွက် သက်တောင့်သက်သာဖြစ်စေမယ့် အစားအစာများ

 

 အစားအသောက် လွန်ကဲစွာ စားသုံးမှုကြောင့် နေမထိထိုင်မသာ ခံစားနေရတယ်ဆိုရင် အစာအိမ်ကို သက်တောင့်သက်သာဖြစ်စေပြီး အစာကြေဖို့ လွယ်ကူစေတဲ့ အစားအစာ တချို့ စားသုံးကြည့်ပါ။ ငှက်ပျောသီး ငှက်ပျောသီးဟာ အစာအိမ်အတွက် အစာချေရာမှာ လွယ်ကူစေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ငှက်ပျာသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်က အစာချေစနစ်ကို ချောချောမောမောဖြစ်အောင် ကူညီ ဆောင်ရွက်ပေးပါတယ်။ နောက်ပြီး ငှက်ပျာသီးတွေမှာ ဝမ်းလျှောခြင်းလျော့နည်းစေနိုင်တဲ့ ပျော်ဝင်မှုကို အားပေးတဲ့ အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ လိမ္မ်ာသီးဖျော်ရည် တခါတရံမှာ အစာအိမ်အက်ဆစ်ဆုံးပါးခြင်းကြောင့် အစာမကြေမှု ဖြစ်တတ်ပါတယ်။ လိမ္မ်ာသီးတွေမှာ ပါဝင်တဲ့ သဘာဝအက်ဆစ်က အစာချေဖျက်ရာမှာ အထောက်အကူဖြစ်ကောင်းဖြစ်စေပါလိမ့်မယ်။ အစာမကြေမှုဖြေရှင်းနိုင်ဖို့ လိမ္မ်ာသီးဖျော်ရည် သောက်ပေးမယ်ဆိုရင် အစာမစားမီ သောက်ပေးပါ။ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ပေါင်းမသောက်လိုက်ပါနဲ့။ ဂက်စ်တွေပိုများလာပြီး မသက်မသာပိုဖြစ်စေပါလိမ့်မယ်။ ဟင်းခတ်အမွေးကြိုင်ထည့်သုံးပါ ဟင်းခတ်အမွေးအကြိုင်တွေကို သင်ခံတွင်း မတွေ့မိဘူးဆိုပေမယ့် ဟင်းပွဲထဲ ဟင်းခတ်အမွေးကြိုင် အနည်းငယ်လေးထည့်ခြင်းဖြင့် အစာချေမှုမှာ အကူအညီဖြစ်စေပါလိမ့်မယ်။ ဇီရာစေ့ကို ခန္ဓာကိုယ်ကို အစာချေမှု ပိုမိုအထောက်အကူဖြစ်မယ့် သည်းခြေရည်ပိုမိုထုတ်လုပ်ဖို့ အသည်းကို လှုံ့ဆော်မှုပေးတဲ့အရာအဖြစ် သတ်မှတ်ထားပါတယ်။ ဆား ရှောင်ပါ ဆားက ဝမ်းဗိုက်ကို ရေသိုလှောင်စပါတယ်။ ဒါ့ကြောင့်မို့ ဆားများတဲ့ အာလူးချောင်းကြော်တွေ စားသုံးခြင်း နဲ့ တခြား ဆားပါဝင်မှုနှုန်းများတဲ့ အစာပြေတွေ စားသုံးခြင်းက အကောင်းဆုံး ရွေးချယ်မှုတစ်ခု မဟုတ်နိုင်ပါဘူး။ ဆန်ထမင်းသုံးဆောင်ပါ ထမင်းဖြူမှာ နူးညံ့ပြီး အမျှင်ဓာတ်နည်းပါးပါတယ်။ ဒါ့ကြောင့် အစာချေဖို့အတွက် အစာအိမ်ကို ခက်ခဲတဲ့ အလုပ်မပေးပါဘူး။ ထိုနည်းတူ အကင်နဲ့ အာလူးပြုတ်တို့လို တိုက်ရိုက်စားသုံးနိုင်တဲ့ အစားအစာတွေက အစာအိမ်ကို ထိခိုက်မှုမဖြစ်စေဘဲ fluids အရည်တွေ စုပ်ယူခြင်းဖြင့် ဝမ်းလျှောခြင်းကို ရပ်တန့်စေပါလိမ့်မယ်။

 

Source: Indianexpress

Login