ငါးသံပုရာ

ငါးသံပုရာချဉ်စပ်အတွက် တိလားပီးယားငါး (tilapia) ကိုသုံးထားပါတယ်ရှင်။ ငါးတစ်ကောင်လုံးကို ဗိုက်ဖောက် သန့်ရှင်းပြီး အပေါ်အောက် ဓါးဖြင့်သုံးချက်စီလောက် မွှန်းပေးပါ။ ငါးကို ဆား၊ နနွင်း၊ကြက်သားမှုန့် တို့ဖြင့်နယ်ပြီး ခဏ နှပ်ထားပေးပါ။ ငါးကို ဒယ်အိုးပြားထဲမှာ ရေနည်းနည်းချင်းဆီထည့်ပြီး ပြုတ်ပါတယ်။ ရေကို အများကြီးတစ်ခါထည်းမထည့်ပါဘူး။ ပြုတ်တဲ့အချိန်မှာ အညှီနံ့ ပျောက်စေရန်အတွက် ဂျင်းကို အချောင်းလေးတွေလုပ်ပြီး ထည့်ပြုတ်ပါတယ်။ ငါးကျက်မဲ့အချိန်ကိုမှန်းပြီး ရေခမ်းလေးရအောင် ရေကို နည်းနည်းစီထည့်ပါမယ်။ ငါးကျက်လျှင် သတ်သတ်ဖယ်ထားပါ။ သံပုရာသီး အရည်ညှစ်ထားပါ။ ကော်ရည်ကို ရေအေးဖြင့် ဆား၊သကြား၊ ငရုတ်ကောင်း၊ သံပုရာရည် ထည့်ဖျော်ပြီး ကျဲကျဲလေးရအောင် မီးဖိုပေါ်တွင်ကျိုထားပါ။ချို ချဉ်ငန်စပ်အရသာအား မိမိစိတ်ကြိုက်ပြင်ဆင်ပါ။ ကော်ရည်အိုးချခါနီးတွင် နံနံပင် ရိတ်ရိတ်လှီးလေးများ၊ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူ ကြိတ်ထားသည်ကို ထည့်ပါ။ အရည်အရသာအပေါ့အငန်အတွက်ကြက်သားမှုန့်၊ ဆားတို့ဖြင့် ပြင်ဆင်နိုင်ပါတယ်။ ဒီဟင်းမှာ အငန်အရသာအတွက် ငံပြာရည်ကို မသုံးထားပါဘူးရှင်။ ဟင်းပွဲပြင်ဆင်ရန်အတွက်ပန်းကန်ပြားထဲမှာ အရည်နည်းနည်းခံပြီး ငါးကိုထည့်ပါ။ ပြီးမှ အပေါ်မှ အရည်လောင်းချလိုက်ပါ။ အရည်အရသာဟာ ငါးရဲ့နောက်ကျောဘက်ကိုပါဝင်ပြီး စားလို့အင်မတန်ကောင်းပါတယ်။ အမြည်းအနေနဲ့ဘဲဖြစ်ဖြစ်၊ ထမင်းနဲ့ဘဲ ဖြစ်ဖြစ် ခံတွင်းလိုက်စေပါတယ်ရှင်။

Login